အကြောက်တရားကို ဘယ်လိုရင်ဆိုင်ရမလဲ

အကြောက်တရားကို အကောင်းဆုံး ရင်ဆိုင်နည်းကတော့ ထိပ်တိုက်တွေ့ခြင်းပါပဲ။ ကျွန်တော်ငယ်ငယ်က စကားထစ်တတ်တယ်။ စကားထစ်တတ်သူများဟာ သူများနဲ့ စကားပြောတဲ့နေရာမှာ အားငယ်စိတ်ရှိတတ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလဲ ပျောက်ဆုံးနေတတ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်စကားထစ်တာ သူများကို အနှောင့်အယှက်များ ဖြစ်နေမလား၊ သူများက ကိုယ့်ကိုလှောင်မလား စတဲ့ အတွေးမျိုးဝင်နေတတ်လို့ပါ။ အခုတော့ ငယ်ငယ်ကလို အရမ်းထစ်နေတာမျိုး မရှိတော့ပါဘူး။ ကျွန်တော့နည်းလမ်းကတော့ အကြောက်တရားကို ထိပ်တိုက်တွေ့လိုက်တာပဲ။ ပွဲတွေမှာ စင်ပေါ်တက်ပြီး ကျွန်တော် စကားထွက်ပြောတယ်။ Foreigner နဲ့ တွေ့ရင် စကားထစ်တာကို မေ့ထားပြီး မရအရ ပြောတယ်။ စာသင်တယ်။ လူရှေ့မှာ စကားပြောရတဲ့ အလုပ်တွေကိုပဲ ရွေးပြီး လုပ်ခဲ့ပါတယ်။ အကြောက်တရားဟာ အပြင်လောကက လာတာထက်၊ ကိုယ့်စိတ်အတွင်းပိုင်း လာတတ်တာ ပိုများပါတယ်။ တစ်ခုခုကို လုပ်ရမှာကြောက်တယ်ဆိုရင် လုပ်လိုက်ပါ။

Read More

အောင်မြင်သူဖြစ်ဖို့ အကောင်းဆုံးနည်းလမ်း

အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုရှိတယ်။ “မိမိလုပ်ဆောင်နေတဲ့ အလုပ်ပေါ်မှာ အကောင်းဆုံး၊ အတော်ဆုံးဖြစ်အောင် ကြိုးစား လုပ်ဆောင်ပါ” တဲ့။ ဟုတ်ပါတယ်။ အဲဒါအမှန်ပါပဲ။ ခု မိတ်ဆွေ ဘာလုပ်နေလဲ။ ဘယ်လုပ်ငန်းလုပ်နေလဲ။ ဘယ်ကုမ္ပဏီမှာ ဘာရာထူးနဲ့လုပ်နေပါသလဲ။ အဲဒီအပိုင်း၊ အဲဒီနယ်ပယ်မှာ အကောင်းဆုံးအတော်ဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်လိုက်ပါ။ ဒီဇိုင်နာလုပ်နေလား။ အတော်ဆုံး ဒီဇိုင်နာဖြစ်အောင်လုပ်ပါ။ ကွန်ပျူတာ ပရိုဂရမ်တွေ ရေးနေရလား။ အတော်ဆုံး coder ဖြစ်အောင်လုပ်ပါ။ မုန့်ဟင်းခါး ရောင်းနေလား။ အကောင်းဆုံး မုန့်ဟင်းခါးဖြစ်အောင်လုပ်ပါ။ အချိန်ကြာရင်ကြာမှာပေါ့။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ တစ်ချိန်ချိန်မှာ ဖြစ်လာမှာပါပဲ။ ကြိုးစားနေရမှာက ကိုယ့်တာဝန်ပါ။ “အကောင်းဆုံးအတော်ဆုံး ဖြစ်အောင်သာလုပ်ပါ၊ အောင်မြင်မှုဆိုတာ အနောက်က လိုက်လာပါလိမ့်မယ်” အောင်မွန်ချမ်းwww.myanmarleaders.com

အောင်မြင်လိုသူများအတွက် နည်း (၅) ချက်

ဘဝမှာ ဘာဖြစ်ချင်လဲလို့ လူလတ်ပိုင်းအရွယ် တော်တော်များများကို မေးတဲ့အခါ အများစုဖြေကြမှာက ပျော်ရွှင်ချင်တယ်လို့ ဖြစ်မလား အောင်မြင်ချင်တယ်လို့ ဖြစ်မလား။ အောင်မြင်မှုဟာ ပျော်ရွှင်မှုနဲ့ တစ်ထပ်တည်းရော ကျရဲ့လား။ ဒါတွေက ကျွန်တော်ကိုယ်တိုင် အဖြေရှာမတွေ့သေးတဲ့ မေးခွန်းတွေပါ။ အောင်မြင်ချင်တယ်ဆိုရင်ရော ဘာလုပ်ရမလဲ။ ဒီအတွက်တော့ ကျွန်တော့်မှာ နည်းလမ်းကောင်းလေးတွေ ရှိမယ်လို့ ထင်တယ်။ ဒီနေ့ ခင်ဗျားတို့ကို ပြန်လည်မျှဝေပါရစေ။ (၁) ကိုယ့်ကိုကိုယ် မြှင့်တင်ရပါမယ်။အောင်မြင်ဖို့အတွက် ပထမဆုံးလုပ်ရမှာက ကိုယ့်ကိုကိုယ် မြှင့်တင်ရမှာဖြစ်ပါတယ်။ ဦးနှောက်ကို ဝမ်းစာဖြည့်ရမယ်၊ ဘဏ်အကောင့်ကို ဝမ်းစာဖြည့်ရမယ်၊ ပညာကို ဝမ်းစာဖြည့်ရပါမယ်။ ကိုယ်လုပ်တဲ့အလုပ်မှာ ကိုယ်အတော်ဆုံးဖြစ်နေရင် အောင်မြင်ပြီ။ (၂) သင့်ပတ်ဝန်းကျင်ကလူတွေကနေ သင့်ကို မွေးထုတ်ပေးတာဖြစ်ပါတယ်။ထူးဆန်းသွားလား။ တကယ်တော့မဆန်းပါဘူး။ အောင်မြင်ချင်တယ်ဆိုရင် အောင်စိတ်ရှိတဲ့သူတွေနဲ့ ပေါင်းရမယ်။ ဒါဟာ သိပ်မှန်တဲ့ သဘာဝတရားပါပဲ။ “တံငါနားနီးတံငါ၊

Read More

တင်းနစ်ဘောလုံးတစ်လုံး၊ စက်ဝိုင်းတစ်ခု၊ နှင့် နံပါတ် ၃၀၀၀၀

## တင်းနစ်ဘောလုံးတစ်လုံး သူ့အသက် (၂၁) နှစ်မှာ ကုမ္ပဏီတစ်ခု စထောင်ဖြစ်တယ်။ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူတွဲပြီးတော့ပေါ့။ ကုမ္ပဏီရဲ့ လုပ်ငန်းကတော့ SAT သင်တန်းတွေကို Online ကနေ သင်ရိုးအသစ်နဲ့ သင်နိုင်ဖို့ ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းပါ။ အစကတော့ ဟုတ်မလိုလိုပါပဲ။ နှစ်နည်းနည်းကြာတော့ အနှုတ်လက္ခဏာပြလာတယ်။ လုပ်ရကိုင်ရတာ ပိုခက်လာတယ်။ သူ လုပ်နေတဲ့အလုပ်ကို လုံးဝ ဆက်ပြီး လုပ်ချင်ကိုင်ချင်စိတ်ကို မရှိတော့ဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် အားမရတာတွေ၊ ယုံကြည်မှုမရှိတော့တာတွေလဲ နောက်က လိုက်လာတော့တာပေါ့။ ဒါနဲ့ပဲ သူ အဲဒီအလုပ်ကို နားလိုက်တယ်။ ဆက်မလုပ်ဖြစ်တော့ဘူး။ ဒီနောက်မှာ online မှာ ဖဲရိုက်လို့ရတဲ့ Poker Bot တစ်ခု ဖန်တီးပြီး ကိုယ်တိုင်လဲ ဖဲကစားရင်း စိတ်လေနေခဲ့တယ်။ ဖဲလဲ

Read More