စိတ်ပျက်လက်လျှော့ချင်နေပြီလား

ပျော်ပျော် မပျော်ပျော်ရှေ့ဆက်နေဖို့အရေးကြီးတယ်မဟုတ်လား။ ဘယ်လိုလုပ်ငန်းမျိုးပဲဖြစ်ပါစေ နေ့စဉ်နေ့တိုင်းတတ်တတ်ကြွကြွလုပ်ကိုင်နိုင်ဖို့မလွယ်ကူပါဘူး။ နေ့စဉ်လုပ်ငန်းထဲမှာ စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုတွေသာမကစိတ်ပျက်စရာပျင်းရိငြီးငွေ့စရာကောင်းတဲ့ နေ့ရက်တွေကိုကြုံတွေ့ရလာမှာပါ။လုပ်ငန်းခွင်မှာအားတင်းရှေ့ဆက်နိုင်ဖို့ ဒီနည်းလမ်း ၅ ချက်ကို ကြိုးစားကြည့်ပါ။ ၁။ ကြိုတင်အစီအစဉ်ရေးဆွဲပါ။ တစ်နေ့တာအချိန်စာရင်းကိုကြိုတင်ရေးဆွဲထားခြင်းအားဖြင့် အချိန်ကိုစနစ်တကျစီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။ဘယ်အချိန်စားမလဲ ဘယ်အချိန်နားမလဲ ဘယ်အချိန်အလုပ်လုပ်မလဲ စသဖြင့်ရေးဆွဲထားနိုင်ပါတယ်။အချိန်စာရင်းကိုအထက်လူကြီးကသတ်မှတ်ပေးထားပါက တစ်နေ့တာလုပ်ကိုင်ရမယ့်အလုပ်များကိုခက်ခဲမှု၊ အချိန်ယူရမှုအလိုက် ပြန်စီစဉ်နိုင်ပါတယ်။ ၂။ အနားယူပါ။ နေ့စဉ်အချိန်စာရင်းထဲမှာ အနားယူချိန်တိုလေးတွေထည့်သွင်းရေးဆွဲဖို့မမေ့ပါနဲ့။ ၁၀ မိနစ်တစ်ခါ သို့မဟုတ်မိနစ်၂၀ တစ်ခါ လုပ်လက်စအလုပ်ကနေ စက္ကန့်ပိုင်းလောက်သာဖြစ်ဖြစ် မျက်လုံးမှိတ်အနားယူခြင်းရေသောက်ခြင်း ခနတဖြုတ်လမ်းလျှောက်ခြင်းစသောအလေ့အကျင့်တို့ကိုပြုလုပ်ပါ။ ၃။ အကောင်းဘက်ကတွေးပါ။ ဒီအလုပ်ကိုဘာကြောင့်စတင်လုပ်ကိုင်ဖြစ်ခဲ့တာလဲ။ လုပ်ကိုင်နိုင်ဖို့ဘယ်လိုကြိုးစားခဲ့ရလဲ။အနည်းဆုံးတော့ ကိုယ့်မှာလုပ်ကိုင်စရာလုပ်ငန်းတစ်ခုတော့ရှိနေပါသေးတယ်။ကိုယ့်လိုနေရာတစ်ခုရဖို့ ကြိုးစားနေရဆဲသူတွေထပ်တော့ ကိုယ်ကအများကြီးရှေ့ရောက်နေပါသေးတယ်။ ၄။ သက်တောင့်သက်သာဖြစ်အောင်နေပါ။  ဒီနည်းလမ်းကတော့ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေအတွက်ပိုသင့်တော်ပါတယ်။အလုပ်စားပွဲနေရာပြောင်းခြင်း၊ ကော်ဖီဆိုင် ၊ စာကြည့်တိုက်၊ ပန်းခြံတို့ကိုလဲ ကိုယ့်ရဲ့ရုံးခန်းအဖြစ်အသုံးချနိုင်ပါတယ်။ ၅။ အနာဂတ်ကိုပုံဖော်စိတ်ကူးပါ။ ကိုယ့်ရဲ့စိတ်ကူးအိမ်မက်ဟာ ဒီလုပ်ငန်းမဟုတ်သေးရင်တောင် စိတ်ကူးအိမ်မက်ကိုအကောင်အထည်ဖော်ဖို့လက်ရှိအလုပ်ကို

Read More

တိုးတက်ပြောင်းလဲချင်ရင် ကိုယ့်ကိုကိုယ် မေးခွန်းတွေ ပြန်မေးပါ…

သင့်ကိုယ်သင် တကယ်အရေးပါတဲ့ မေးခွန်းတွေ ပြန်မေးလေလေ၊ သင့်ဘဝက တိုးတက်လာလေလေ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် မေးခွန်းပြန်မေးခြင်းဆိုတာ အလွန်ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။အောင်မြင်တဲ့ လူအများစုဟာ ကိုယ့်ကိုကိုယ် မေးခွန်းပြန်မေးပြီး ပိုကောင်းတဲ့ အဖြေတစ်ခု ရရှိအောင် ကြိုးစားကြပါတယ်။ ဒါဆို ဘယ်လိုမေးခွန်းမျိုးတွေကို မေးသင့်တာလဲ ? ယခုဖော်ပြမယ့် မေးခွန်း (၃) ခုဟာ သင့်ကိုယ်သင် ပြန်မေးသင့်တဲ့ အခြေခံအကျဆုံး မေးခွန်းတွေပဲ ဖြစ်ပါတယ်။ ☑ ” ငါ့ဘဝက ဘယ်နေရာ ရောက်နေတာလဲ ? “သင့်ရဲ့ လက်ရှိဘဝက ဘယ်နေရာကို ရောက်နေတယ်ဆိုတာ သေချာသိဖို့ အရေးကြီးပါတယ်။ လူအများစုဟာ ကိုယ်တကယ် ရောက်ရှိနေတဲ့ နေရာကို သေချာသိဖို့ မကြိုးစားကြပါဘူး။ နောင်တစ်ချိန်မှာ နောင်တမရချင်ရင် ဒီမေးခွန်းကို ရိုးသားစွာ ပြန်ဖြေဖို့

Read More

သင်မအောင်မြင်သေးတာ ဘာကြောင့်လဲ ?

လူတစ်ယောက်ချင်းစီရဲ့ ခံယူချက်တွေအပေါ်မူတည်ပြီး အောင်မြင်မှုပန်းတိုင်တွေ အမျိုးမျိုး ကွဲပြားနေမှာပါ။ ကိုယ်က ဘယ်လိုအောင်မြင်မှုမျိုးကို လိုချင်တာလဲ ဆိုတာကတော့ ကိုယ်ကိုတိုင် ဆုံးဖြတ်ရမယ့် အရာတစ်ခုပဲဖြစ်ပါတယ်။ မိမိလိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို သေချာသိပြီဆိုရင်တော့ ပန်းတိုင်ကို ရောက်ရှိအောင် အစွမ်းကုန် ကြိုးစားအားထုတ်ရတော့မှာပါ။ သင်က အောင်မြင်မှုတစ်ခု ရရှိအောင် စွမ်းဆောင်နေတယ်ဆိုရင် ယခုဖော်ပြမယ့် အကျင့်ဆိုးတွေကို ဖယ်ရှားဖို့ လိုအပ်ပါလိမ့်မယ်။ သင့်မှာ ဒီလို အကျင့်ဆိုးတချို့ ရှိနေသေးလို့ အောင်မြင်မှုမရရှိသေးတာလို့ ဆိုနိုင်ပါတယ်။ ၁။ ဆင်ခြေပေးတတ်တဲ့ အကျင့်ကို ဖယ်ရှားပါ။ မိမိကြောင့်ဖြစ်လာတဲ့ အမှားတစ်ခုကို တာဝန်ယူနိုင်အောင်ကြိုးစားပါ။ ပတ်ဝန်းကျင်ကို အပြစ်တင်ပြီး အမြဲ ဆင်ခြေတွေ ပေးနေမယ်ဆိုရင် အောင်မြင်ဖို့မလွယ်ကူပါဘူး။ ၂။ အဆိုးမြင်တတ်တဲ့ စိတ်ကို ပြင်လိုက်ပါ။ အရာရာက အကောင်းအဆိုး ဒွန်တွဲနေတဲ့ အတွက် အမြဲတမ်း

Read More

စွန့်ဦးတီထွင်သမား တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုမလဲ?

စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆိုတာနဲ့ လူတွေက အောင်မြင်နေတဲ့ လူတွေကိုပဲ ပြေးမြင်ကြပါတယ်၊ စွန့်ဦးတီထွင်သမားဆိုတာ အခု ထလုပ်၊ အခု ချက်ချင်း အောင်မြင် သွားကြတဲ့ သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ သူများတွေ မမြင်နိုင်တဲ့၊ တခြားသူတွေ မတွေးတဲ့ ကိစ္စ တွေကို တွေးပြီး ရူးသွပ်ခဲ့ရတဲ့ သူတွေပါ၊ စွန့်ဦးတီထွင်သမား တစ်ယောက်လုပ်တော့မယ်လို့ ဆုံးဖြတ်ထားပြီလား? ဒါဆိုရင် သင့်ကိုသင် ပြန်မေးကြည့်ပါ၊ငါ အောက်က အချက်တွေကို လုပ်နိုင်ရဲ့လားလို့? 1 . ၀င်ငွေ Company ၀န်ထမ်းဘ၀မှာတော့ လကုန်ပြီဆိုတာနဲ့ လစာဟာ ပုံမှန်ရရှိနေမှာ ဖြစ်တာကြောင့် ကိစ္စမရှိပါဘူး၊ဒါပေမယ့် ကိုယ်ပိုင်အလုပ်ကို စလုပ်ပြီဆိုတာနဲ့ အမြတ်ကို ကြိုတွက်ထားလို့ မရပါဘူး၊ အရှုံးတွေနဲ့ ရင်ဆိုင်လာရမှာတွေ၊ကိုယ့်ရဲ့ ၀င်ငွေဟာ Company ၀န်ထမ်းလောက်တုန်းကတောင် မရှိတော့တွေကို

Read More

စွန့်ဦးတီထွင်သမား တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုမလဲ?

စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆိုတာနဲ့ လူတွေက အောင်မြင်နေတဲ့ လူတွေကိုပဲ ပြေးမြင်ကြပါတယ်၊ စွန့်ဦးတီထွင်သမားဆိုတာ အခု ထလုပ်၊ အခု ချက်ချင်း အောင်မြင် သွားကြတဲ့ သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ သူများတွေ မမြင်နိုင်တဲ့၊ တခြားသူတွေ မတွေးတဲ့ ကိစ္စ တွေကို တွေးပြီး  ရူးသွပ်ခဲ့ရတဲ့ သူတွေပါ၊ စွန့်ဦးတီထွင်သမား တစ်ယောက်လုပ်တော့မယ်လို့ ဆုံးဖြတ်ထားပြီလား? ဒါဆိုရင် သင့်ကိုသင် ပြန်မေးကြည့်ပါ၊ ငါ အောက်က အချက်တွေကို လုပ်နိုင်ရဲ့လားလို့? 1 . ၀င်ငွေ Company ၀န်ထမ်းဘ၀မှာတော့ လကုန်ပြီဆိုတာနဲ့ လစာဟာ ပုံမှန်ရရှိနေမှာ ဖြစ်တာကြောင့် ကိစ္စမရှိပါဘူး၊ဒါပေမယ့် ကိုယ်ပိုင်အလုပ်ကို စလုပ်ပြီဆိုတာနဲ့ အမြတ်ကို ကြိုတွက်ထားလို့ မရပါဘူး၊ အရှုံးတွေနဲ့ ရင်ဆိုင်လာရမှာတွေ၊ကိုယ့်ရဲ့ ၀င်ငွေဟာ Company ၀န်ထမ်းလောက်တုန်းကတောင်

Read More

သင်ဟာ ၀န်ထမ်းတစ်ယောက်ဆိုရင် ဒီအချက်တွေကို လိုက်နာသင့်တယ်!

1 . လုပ်ငန်းခွင်ထဲမှာ ကိုယ်မလုပ်နိုင်တဲ့ အရာကို အာမခံချက်မပေးမိပါစေနဲ့၊   သင့်ရဲ့အထက်အရာရှိက သင့်ကို တာဝန်တစ်ခုပေးမယ်ဆိုပါစို့၊ကိုယ်လုပ်နိုင်မယ့် ကိစ္စဆိုရင်တော့ အာမခံပြီး လုပ်ပေးလိုက်တာ ကောင်းပါတယ်၊ ကိုယ်မလုပ်နိုင်ဘဲနဲ့  အရာရှိက ကျေနပ်အောင် လုပ်နိုင်တယ်လို့ အာမခံချက် မပေးလိုက်ပါနဲ့၊သင့်အတွက် ပြဿနာရှိနိုင်ပါတယ်၊ 2 . အလုပ်တစ်ခုကို မြန်မြန်ဆန်ဆန်လုပ်ကိုင်ပါ၊  သင့်ကို အလုပ်တစ်ခုကို အရာရှိက လုပ်ခိုင်းလိုက်ပြီ ဆိုပါစို့၊ သင်လုပ်နိုင်တဲ့အရာဆိုရင် အမြန်ဆုံးနဲ့ အသေသပ်ဆုံးဖြစ်အောင် လုပ်ပေးလိုက်ပါ၊ အသေးအဖွဲလေးဆိုပြီး ပေါ့ပေါ့လျော့လျော့ မနေပါနဲ့၊ အကောင်းဆုံး ကတော့ အထက်က ခိုင်းသမျှ မှန်သမျှ မြန်မြန်ဆန်ဆန်နဲ့ လုပ်နိုင်ရင် အလုပ်ရှင် လည်း ကျေနပ်သလို အလုပ် စွမ်းဆောင် ရည်လည်း တိုးတက်ကာ ရာထူး တိုးတက် ဖို့လည်း နီးတာမို့

Read More

Follow Your Passion!

မနက်အိပ်ရာထတိုင်းမှာ Apple ရဲ့ ပဲ့ကိုင်ရှင် Steve Jobs လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုရှိပါတယ်။။ မနက်အိပ်ရာနိုးတာနဲ့ မှန်ရှေ့မှာမတ်တပ်ရပ်၊ မှန်ထဲက ကိုယ့်ကိုကိုယ် ကြည့်ပြီး “အကယ်၍ ဒီနေ့သာ ငါအသက်ရှင်နေထိုင်ရတဲ့ နောက်ဆုံးနေ့ ဖြစ်ခဲ့ရင် ဒီနေ့ လုပ်ရမယ့်အလုပ်တွေကို ငါလုပ်ချင်ရဲ့လား” ဆိုတဲ့ မေးခွန်း မေးပါသတဲ့။ ကျွန်တော်တို့လဲ ဒီအလေ့အကျင့်ကို လုပ်ထားသင့်ပါတယ်။ အကယ်၍ ကိုယ့်ကိုကိုယ် မေးလိုက်လို့ No ဆိုတဲ့အဖြေထွက်လာရင်တော့ ပြောင်းလဲဖို့ အချိန်တန်ပြီ။ ကျွန်တော်တို့ နေ့စဉ် ရုံးသွားတက်ရတယ်၊ အလုပ်လုပ်ရတယ်။ ဒီအလုပ်ဟာ ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်ဟုတ်ရဲ့လား? အကယ်၍ ဒီနေ့ပြီးလို့ ကိုယ် သေရတော့မယ်ဆိုရင် ကိုယ်မလုပ်ချင်တဲ့အလုပ်ကို လုပ်ပြီးသေသွားမှာလား? မပြောင်းတော့ဘူးလား။ နှလုံးသားက ပြောတဲ့စကားကို နားထောင်ရင် အောင်မြင်မှုက အနောက်က လိုက်လာပါလိမ့်မယ်။