Startup Idea တစ်ခုအတွက် စဉ်းစားရမယ့် အချက် (၁၀)ချက်

Idea ဆိုတာတကယ်တော့ အရေးမကြီးလှပါဘူး.။ တကယ်အရေးကြီးတာက အဲဒီ Idea ကို ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်.။ ကမ္ဘာ့အတော်ဆုံးပါဆိုတဲ့ Entrepreneur တွေတောင်မှ သာမာန် Idea လေးတစ်ခုကို လုပ်ရင်း ကျရှုံးသွားနိုင်ပါတယ်.။ Founder Institute ရဲ့ Founder နဲ့ CEO ဖြစ်သူ Adeo Ressi ဟာ idea ကို ချဉ်းကပ်ရာမှာ အသုံးဝင်တဲ့ Structure တစ်ခုကို ထုတ်ဖော်ခဲ့ပါတယ်.။ အောက်ပါအချက်များကို သင့် Idea နဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ပါ.။ ကိုက်ညီတယ်ဆိုရင်တော့ သင်ဟာ အောင်မြင်မှုလမ်းစပေါ် ရောက်နေပြီလို့ ဆိုနိုင်ပါတယ်.။ (၁) သင့်နှလုံးသားက လိုလားတောင့်တနေတဲ့ အရာဖြစ်ရဲ့လား…သင့်အနေနဲ့ ပိုက်ဆံရဖို့အတွက်ပဲ ရည်ရွယ်ထားတယ်ဆိုရင်တော့ ဒီနေရာမှာတင် ရပ်လိုက်ပါ.။ ပိုက်ဆံဆိုတာ

Read More

သင့်စီးပွားရေးလုပ်ငန်းအတွက် မွေးမြူသင့်တဲ့ စိတ်ထားများ

လူတစ်ဦးနဲ့ တစ်ဦး အတွေ့အကြုံတွေ၊ အရည်အချင်းတွေတူညီနေပါလျက် အောင်မြင်မှုပမာဏတွေ ဘာကြောင့်မတူညီလဲဆိုတဲ့ မေးခွန်းမျိုး မေးခဲ့ဖူးကြပါလိမ့်မယ်.။ အဓိကကတော့ အမူအကျင့်တွေ၊ စိတ်ထားတွေနဲ့ တခြား အလေ့အကျင့်ကောင်းတွေ ရှိခြင်းမရှိခြင်းဟာ အောင်မြင်မှုကို ဆုံးဖြတ်ရာမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေတာတွေ့ရပါတယ်.။ ဒါကြောင့် အောင်မြင်သူတစ်ယောက်ဖြစ်လာဖို့ အောက်ပါအချက်တွေကို ဂရုစိုက်ပေးသင့်ပါတယ်.။ (1) ကြောက်ရွံ့မှုကို မရွေးပါနဲ့.။ တွန်းအားကို ရွေးချယ်ပါ.။အောင်မြင်မှုရဖို့အတွက် တွန်းအားရှိဖို့လိုပါတယ်.။ တွန်းအားရှိဖို့ တစ်ခါတစ်ရံမှာ အန္တရာယ်ရှိတဲ့ ဆုံးဖြတ်ချက်တွေချပေးဖို့ လိုပါတယ်.။ ဆုံးဖြတ်ချက်မှားယွင်းသွားလို့ ဆုံးရှုံးမှုတွေရှိလာသည်ဖြစ်စေ၊ ဆုံးဖြတ်ချက်မှန်ကန်လို့ အောင်မြင်သွားသည်ဖြစ်စေ၊ တိုးတက်မှုကတော့ ရှိလာမှာပါပဲ.။တိုးတက်လာခြင်းကပဲ သင့်အတွက် အောင်မြင်မှုတစ်ခုဖြစ်ပါတယ်.။ တစ်ခါမှားဖူးရင် နောက်တစ်ခါမမှားတော့ပါဘူး.။ ဒါကြောင့် မကြောက်ဖို့လိုပါတယ်.။ (2) ကိုယ့်ကိုကိုယ် ယုံကြည်ပါ.။စိတ်ဓာတ်ဟာ အရေးကြီးဆုံးပါပဲ.။ မကောင်းမြင်စိတ်ဟာ ကျရှုံးမှုကို ဦးတည်စေနိုင်သလို အကောင်းမြင်စိတ်ဟာ အောင်မြင်မှုရဲ့

Read More

သင့်နယ်ပယ်မှာ ကျွမ်းကျင်သူဖြစ်လာရေး နည်းလမ်းများ

(၁) သင့် customer တွေအတွက် ဆရာကောင်းတစ်ဦးဖြစ်အောင် လုပ်ပါ.။ သင့် Customer တွေကို သူတို့ မသိသေးတာတွေ သင်ကြားပေးနိုင်တဲ့သူ တစ်ဦး ဖြစ်လာအောင်လုပ်ပါ.။ သူတို့မေးခွန်းတွေကို ဖြေကြားပေးဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်တိုင်ရဲ့ Skill တွေလဲ တက်လာပါလိမ့်မယ်.။ (၂) အားလုံးကို ကျေနပ်အောင်လုပ်ပေးဖို့မကြိုးစားပါနဲ့.။ ဖြစ်နိုင်ချေရှိတဲ့ Client အစုအဖွဲ့သေးသေးတစ်ခုကိုပဲ Focus လုပ်ပါ.။ ဒါဟာ သင့်ရဲ့ Marketing ကို ပိုမိုကောင်းမွန်စေပြီး သင်ကိုယ်တိုင်လဲ ကျွမ်းကျင်လာပါလိမ့်မယ်.။ (၃) သတင်း website တွေနဲ့ စာအုပ်စာစောင်တွေမှာ စာရေးပါ.။ သင်ကျွမ်းကျင်တဲ့အကြောင်းအရာတွေ ရေးသားထုတ်ဝေတဲ့ စာအုပ်စာစောင်တွေနဲ့ website တွေမှာ စာရေးသားခြင်းဖြင့် သင့် Skill တွေတက်လာတာတွေ့ရပါလိမ့်မယ်.။ စာရေးသားဖို့ လေ့လာနေရတဲ့အတွက် Knowledge တွေရော၊

Read More

2014 မှာ အလုပ်ခန့်အပ်မှုအများဆုံး Skills 10 ခု

User ပေါင်း သန်း 330 ရှိနေတဲ့ Linkedin ဟာ အလုပ်အကိုင်ဈေးကွက်နဲ့ ပတ်သက်တဲ့ Data တွေ အများကြီး ရှိနေမှာ အသေချာပါပဲ.။ 2014 မှာ အလုပ်ခန့်အပ်ခြင်းခံရတဲ့ ထိပ်တန်း Skills ၁၀ ခုကို Linkedin က ထုတ်ပြန်ခဲ့ပါတယ်.။ အဲဒီ အလုပ်အကိုင်တွေကတော့ Statistics Analysis and Data Mining Middleware and Integration Software Storage Systams and Management Network and Information Security SEO/SEM Marketing Business Intelligence Mobile Development Web Architecture and Development Framework Algorithm

Read More

အောင်မြင်မှုရဖို့ (သို့) ချမ်းသာဖို့ နည်းလမ်း (၂၁) ခု (Part 2)

(၁၁) အဓိပ္ပာယ်ရှိရှိနေထိုင်ပါ.။ချမ်းသာတဲ့ပုဂ္ဂိုလ်များဟာ မဖြုန်းပါဘူး.။ အချို့သူများဟာ သူတို့ရတာထက် ပိုသုံးတဲ့အတွက် ချမ်းသာသူတွေ ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး.။အဓိပ္ပာယ်ရှိရှိနေထိုင်ပြီး ကိုယ်သုံးလိုက်တဲ့အချိန်၊ ပိုက်ဆံ၊ စွမ်းအင်များဟာ တန်ဖိုးရှိပါစေ.။ (၁၂) နေ့စဉ်စာဖတ်ပါ.။အောင်မြင်သူအများစုဟာ နေ့စဉ် နာရီဝက်နဲ့အထက် စာဖတ်ပါတယ်.။ စာဖတ်ခြင်းဟာ ဗဟုသုတကို တိုးတက်စေရုံသာမက အတွေးအခေါ်ပိုင်းကိုလဲ အထောက်အကူပြုပါတယ်.။ စာဖတ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် မြှင့်တင်နိုင်သလို အောင်မြင်မှုရဖို့ နည်းလမ်းများလဲ ပွင့်လာစေမှာဖြစ်ပါတယ်.။ (၁၃) TV ကြည့်ချိန်ကို ထိန်းချုပ်ပါ.။အောင်မြင်သူများဟာ နေ့စဉ် TV ကြည့်ချိန် တစ်နာရီအောက်သာ ရှိပါတယ်.။ သင်ဟာ အောင်မြင်မှုရဖို့ အလုပ်လုပ်ရမယ့်အချိန်အတော်များများTV ရှေ့မှာ ကုန်ခဲ့ပြီးပြီဆိုတာ သင့်ကိုယ်သင် သတိထားမိပါရဲ့လား.။ (၁၄) လိုအပ်သည်ထက် ပိုအလုပ်လုပ်ပါ.။မကပ်သတ်ပါနဲ့လို့ ဆိုလိုတာပါ.။ ဒီအလုပ်ဟာ ကိုယ်လုပ်ရမယ့်အလုပ်မဟုတ်ဘူးဆိုရင်တောင် ကူညီလုပ်ကိုင်ပေးပါ.။ စေတနာ့ဝန်ထမ်းလုပ်ပေးပါ.။ အောင်မြင်သူတွေဟာ နေ့စဉ်

Read More

အောင်မြင်မှုရဖို့ (သို့) ချမ်းသာဖို့ နည်းလမ်း (၂၁) ခု (Part 1)

(၁) ကောင်းသောအကျင့်များကို မွေးမြူပါ.။အောင်မြင်တဲ့ပုဂ္ဂိုလ်နဲ့ မအောင်မြင်တဲ့ပုဂ္ဂိုလ်တို့ရဲ့ ခြားနားချက်ဟာ သူတို့ရဲ့ နေ့စဉ်အမူအကျင့်များပေါ်မှာ ရာခိုင်နှုန်းများများ မူတည်နေပါတယ်.။ အောင်မြင်တဲ့ပုဂ္ဂိုလ်များမှာ ကောင်းမွန်နဲ့အကျင့် အတော်များများရှိပြီး မကောင်းတဲ့အကျင့် အနည်းငယ်သာ ရှိပါတယ်.။သင့်ရဲ့ မကောင်းတဲ့အကျင့်များဟာ သင့်တိုးတက်အောင်မြင်မှုလမ်းကြောင်းကို ပိတ်ပင်နေပြီဆိုရင် အချိန်မှီဖယ်ရှားသင့်ပါတယ်.။စာရွက်အလွတ်တစ်ရွက်ကိုယူပါ.။ ကော်လံနှစ်ခုခွဲပြီး အကျင့်ဆိုးနဲ့ အကျင့်ကောင်းလို့ ခေါင်းစဉ်အသီးသီးတပ်ပါ.။ အကျင့်ဆိုးဘက်မှာသင့်မှာအခုရှိနေတဲ့ အကျင့်ဆိုးတွေအကုန် ချရေးပါ.။ အကျင့်ကောင်းဘက်မှာတော့ အကျင့်ဆိုးတွေကို ဘယ်လိုပြင်ဆင်မလဲဆိုတဲ့အချက်တွေချရေးပါ.။ ပြီးရင် ရက် (၃၀) ကြာတဲ့အထိ အကျင့်ကောင်းတွေအတိုင်း လိုက်နာကြည့်ပါ.။ သင့်ကိုယ်သင် အံသြလောက်အောင်သင်ဟာတိုးတက်လာတာ တွေ့ရပါလိမ့်မယ်.။ (၂) Goals များဖန်တီးပါ.။အောင်မြင်တဲ့ပုဂ္ဂိုလ်များဟာ မနက်ဖြန်အတွက် လုပ်ရမယ့် Goal တွေကို ဒီညမှာ ချရေးတတ်သူများဖြစ်ပါတယ်.။ သူတို့မှာ နေ့စဉ်၊ အပတ်စဉ်လစဉ်၊ နှစ်စဉ် အစရှိတဲ့ Goals တွေထားရှိထားတတ်ပါတယ်.။ ဒါပေမယ့်

Read More

Website တစ်ခု တည်ဆောက်ရာမှာ ရှောင်ရှားသင့်တဲ့ အချက်များ

အသစ်တည်ဆောက်တဲ့ Website များအနေနဲ့ အောင်မြင်မှုရချင်တယ် ဆိုရင် အောက်ပါအချက်များကိုရှောင်သင့်ပါတယ်.။ 1. အသုံးပြုသူဘက်က မတွေးပေးခြင်း ကိုယ်တည်ဆောက်တဲ့ Website ကိုUser တွေဘယ်လိုအသုံးပြုမယ်ဆိုတာကိုကြိုတွေးထားသင့်ပါတယ်.။ Computerနဲ့သုံးရင်ဘယ်လို Mobile နဲ့သုံးရင် ဘယ်လိုဆိုတာကအစ၊ မလိုအပ်ဘဲ အဆင့်တွေ ပိုနေသလား၊လေးနေလား၊ အရောင်သုံးတာတွေက မျက်စိစူးလွန်းနေလား အစရှိသဖြင့် တွေးပေးရပါမယ်.။ 2. Professional မဟုတ်သူတစ်ဦးကို ခန့်မိခြင်း Website တည်ဆောက်ဖို့ လိုအပ်တဲ့ဝန်ထမ်းတွေခန့်အပ်တဲ့အခါ Professional စစ်စစ်တွေကိုခန့်မိဖို့လိုပါတယ်.။ ဈေးသက်သာပြီးရော တော်ရိလျော်ရိတွေကို ခန့်မိရင်ပိုက်ဆံကုန်အချိန်ကုန်အကျိုးမရှိ ဖြစ်တတ်ပါတယ်.။ 3. Goal တွေမသတ်မှတ်ထားခြင်း၊ သတ်မှတ်ထားပြီးရောက်အောင် မသွားခြင်း သင့် Website ကို ဘယ်လိုဖြစ်အောင်လုပ်မယ်ဆိုတဲ့ Goal တွေသတ်မှတ်ထားသင့်ပါတယ်.။သတ်မှတ်ပြီးရင်လဲရောက်အောင်သွားဖို့လိုပါတယ်.။ ဒါမှသာ အောင်မြင်တဲ့ Website တစ်ခုဖြစ်လာမှာပါ.။

အောင်မြင်မှုရဖို့အတွက် လက်မလျှော့ပါနဲ့…

2003 ခုနှစ်ကဖြစ်ပါတယ်.။ ဗွီဒီယိုဂိမ်းတွေ ဖန်တီးရတာ ကြိုက်တဲ့ ဖင်လန်နိုင်ငံသားကောင်လေး အချို့ဟာ သူတို့ရဲ့ ဝါသနာကို Video Games ကုမ္ပဏီတစ်ခုအဖြစ်ပြောင်းလဲခဲ့ပါတယ်.။ သူတို့ရဲ့ plan ကတော့ မအောင်မြင်မချင်း ဂိမ်းတွေတစ်ခုခုပြီးတစ်ခု ထုတ်သွားမယ်.။ တစ်ခုခုမှာတော့ အောင်မြင်မှာပဲဆိုပြီး ဂိမ်းတွေ စတင်ရေးဆွဲခဲ့ပါတယ်.။ 6 နှစ်ကျော်ကြာပြီးနောက်၊ ဂိမ်းပေါင်း 51 ခုရေးဆွဲပြီးနောက်၊ ဒုံရင်းကဒုံရင်းပါပဲ.။ တိုးတက်မှုတစ်စုံတစ်ရာ မရှိသေးပါဘူး.။ သူတို့ရဲ့ 52 ခုမြောက်ဂိမ်းဟာ ငှက်တွေပါဝင်တဲ့ ပစ်ခတ်ရတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်.။ ခုချိန်မှာ သူတို့ရဲ့ဂိမ်းကို ကစားသူပေါင်း သန်းတစ်ထောင်ကျော်ရှိနေခဲ့ပြီး၊ ဝန်ထမ်းပေါင်း 500 ကျော်ရှိနေပြီဖြစ်ပါတယ်.။ NASA, Starwars နဲ့ တရုတ်အစိုးရ အစရှိတဲ့အဖွဲ့အစည်းတွေနဲ့လဲ partner ဖြစ်နေပြီဖြစ်ပါတယ်.။ သူတို့ရဲ့ 52 ခုမြောက်ဂိမ်းကတော့ “Angry Birds” ဖြစ်ပါတယ်.။ တစ်ခါတစ်လေမှာ အောင်မြင်မှုတစ်ခုရဖို့ ကျရှုံးမှု 51 ကြုံရင်လဲကြုံရနိုင်ပါတယ်.။

Read More

နှလုံးသားကို နားထောင်ပါ..

Facebook ကို စတင်တည်ထောင်ကာစ Employee 15 ယောက်တောင်မရှိသေးတဲ့အချိန်ဖြစ်ပါတယ်.။ ထိုင်ဝမ်ကလာတဲ့ Steven Chen လို့ခေါ်တဲ့ တရုတ်လေးတစ်ယောက်ဟာFacebook မှာအလုပ်လုပ်နေရင်း Video Website တစ်ခုတည်ထောင်ချိန်တဲ့ စိတ်ကိုထိန်းမနိုင်သိမ်းမရဖြစ်နေခဲ့ပါသတဲ့.။ သူ့ကို Facebook မှာအလုပ်ခန့်ခဲ့သူ အထက်အရာရှိဖြစ်တဲ့ Matt Cohler ဆိုသူက တားပါတယ်.။ Facebook ဟာ အကြီးကြီးဖြစ်လာမယ့်အကြောင်း၊Facebook မှာနေရင် အခွင့်အလမ်း အများကြီးရှိကြောင်း၊ Video Startups တွေ အင်တာနက်မှာအများကြီး ရှိတဲ့အတွက် Video Website တည်ထောင်ချင်တယ်ဆိုတဲ့ အကြံကောင်းတစ်ခုမဟုတ်ကြောင်းပြောပြီး အမျိုးမျိုးနားချပေမယ့် Chen ကို တားမရခဲ့ပါဘူး.။ Chen ဟာ Facebookကိုစွန့်ခွာပြီး Video Website တစ်ခုထောင်ဖြစ်အောင် ထောင်ခဲ့ပါတယ်.။ သူတည်ထောင်ခဲ့တဲ့ Video Website ကတော့ “Youtube”

Read More

ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် မဖြစ်မနေလုပ်ရမယ့် အချက် (၁၀)ချက်

1. Researchကိုယ်လုပ်မယ့်စီးပွားရေးလုပ်ငန်း (ကိုယ်ရောင်းမယ့်ပစ္စည်း) ရဲ့ Customer တွေနဲ့ သူတို့ရဲ့ အမူအကျင့်တွေကို သိအောင်လုပ်ရပါမယ်.။ ကိုယ့်ရဲ့ပြိုင်ဖက်ဖြစ်လာမယ့်သူတွေကိုလဲ စောင့်ကြည့်ရပါမယ်.။ Customer တွေနဲ့ စကားပြောရမယ်။ယုံကြည်မှုတည်ဆောက် ရပါမယ်.။ 2. Legalကိုယ့်ရဲ့ idea နဲ့ အခြားအရာတွေကို ဥပဒေအရ ကာကွယ်တာတွေ၊ ဥပဒေနဲ့ညီအောင် လုပ်ဆောင်တာတွေ လုပ်ရပါမယ်.။ 3. Web presenceDomain တစ်ခုဝယ်ယူပြီး Dynamic Website တစ်ခု တည်ဆောက်ရပါမယ်.။ Customer တွေနဲ့  ထိတွေ့မှုကို မပြတ်အောင် လုပ်ဆောင်ရပါမယ်.။ 4. Moneyကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းအတွက် သီးသန့် Bank Account တစ်ခုဖွင့်ထားရပါမယ်.။ 5. Social MediaCustomer တွေအများဆုံးသုံးတဲ့ ကိုယ့်အတွက်လဲ အဆင်ပြေတဲ့ Social Media Platform တစ်ခုရွေးပြီးFan Page

Read More