မနေ့ကထက် ပိုကြိုးစားပါ…

ဒီနေ့ထက် ပိုကောင်းတဲ့ မနက်ဖြန်ကို လိုချင်တယ်ဆိုရင် မနေ့ကထက် ပိုကြိုးစားဖို့ လိုပါတယ်။ အနာဂတ်မှာ အောင်မြင်ချင်တယ်ဆိုရင် လက်ရှိ ဒီနေ့အချိန်မှာ သေချာကြိုးစားဖို့ လိုပါတယ်။ မနေ့က ဖြစ်ခဲ့သမျှတွေကို ပြန်ပြင်လို့ မရတော့ပါဘူး။ မနက်ဖြန်မှာ အဆင်ပြေချင်တယ်ဆိုရင် ဒီနေ့၊ ဒီအချိန်မှာ ကြိုးစားနေဖို့ လိုပါတယ်။ ဒီနေ့မှာ လုပ်မိတဲ့ အမှားတွေဟာ မနက်ဖြန်အတွက် သင်ခန်းစာအသစ်တွေ ဖြစ်နေပါလိမ့်မယ်။ မနေ့က လုပ်ခဲ့တဲ့ အမှားတွေလိုမျိုး ဒီနေ့မှာ ထပ်မလုပ်မိအောင် သေချာဂရုစိုက်ရပါမယ်။ မနေ့ကထက် ဒီနေ့မှာ ပိုကြိုးစားပါ။သင့်အနာဂတ်က အောင်မြင်လာပါလိမ့်မယ်။ Linn Linn Maung (Myanmar Leaders)

မဖြစ်နိုင်ဘူးလို့ မတွေးပါနဲ့…

သင့်စိတ်ထဲမှာ မဖြစ်နိုင်ဘူးလို့ အမြဲတွေးနေမယ်ဆိုရင် သင်ရှုံးနိမ့်ဖို့ သေချာနေပါပြီ။ ဘယ်အလုပ်ကိုမဆို ဖြစ်နိုင်တယ်၊ လုပ်နိုင်တယ်လို့ ယုံကြည်နေရင် သင်အရင်ကထက် အောင်မြင်လာပါလိမ့်မယ်။“သင်က မဖြစ်နိုင်ဘူးလို့ ပြောခဲ့တာကိုတစ်စုံတစ်ယောက်က ဖြစ်အောင်လုပ်ပြခဲ့တာလောက်ရှက်ဖို့ကောင်းတဲ့ ကိစ္စမရှိဘူး” မြူးအင်း ဖြစ်နိုင်တယ်လို့ စဉ်းစားတွေးခေါ်တတ်တဲ့ လူတွေကသာ ကြီးမားတဲ့ အောင်မြင်မှုတွေကို ရရှိနိုင်တာဖြစ်ပါတယ်။ ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် အလုပ်လုပ်နေစဉ်မှာ ခွန်အားတွေ ရရှိနိုင်ပါတယ်။ မဖြစ်နိုင်ဘူးလို့ တွေးတဲ့ လူတွေဟာ အလွယ်တကူ အရှုံးပေးတတ်ကြပါတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ကြောင့် အလုပ်ကြိုးစားချင်စိတ်တွေ ပျောက်ကွယ်သွားတတ်ပါတယ်။ နောင်လာမယ့် အနာဂတ်အတွက် ရည်မှန်းချက်ကြီးကြီးထားပြီး၊ ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်မျိုးနဲ့ ခရီးဆက်ပါ။ ဖြစ်နိုင်တယ်၊ လုပ်နိုင်တယ် ဆိုတဲ့ စိတ်ကသာ သင့်ကို အမှန်တကယ် အောင်မြင်စေမှာ ဖြစ်ပါတယ်။ Linn Linn Maung (Myanmar Leaders)

စိတ်ပျက်လက်လျှော့ချင်နေပြီလား ။

ပျော်ပျော် မပျော်ပျော်ရှေ့ဆက်နေဖို့အရေးကြီးတယ်မဟုတ်လား။ ဘယ်လိုလုပ်ငန်းမျိုးပဲဖြစ်ပါစေ နေ့စဉ်နေ့တိုင်းတတ်တတ်ကြွကြွလုပ်ကိုင်နိုင်ဖို့မလွယ်ကူပါဘူး။ နေ့စဉ်လုပ်ငန်းထဲမှာ စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုတွေသာမကစိတ်ပျက်စရာပျင်းရိငြီးငွေ့စရာကောင်းတဲ့ နေ့ရက်တွေကိုကြုံတွေ့ရလာမှာပါ။ လုပ်ငန်းခွင်မှာအားတင်းရှေ့ဆက်နိုင်ဖို့ ဒီနည်းလမ်း ၅ ချက်ကို ကြိုးစားကြည့်ပါ။၁။ ကြိုတင်အစီအစဉ်ရေးဆွဲပါ။တစ်နေ့တာအချိန်စာရင်းကိုကြိုတင်ရေးဆွဲထားခြင်းအားဖြင့် အချိန်ကိုစနစ်တကျစီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။ဘယ်အချိန်စားမလဲ ဘယ်အချိန်နားမလဲ ဘယ်အချိန်အလုပ်လုပ်မလဲ စသဖြင့်ရေးဆွဲထားနိုင်ပါတယ်။အချိန်စာရင်းကိုအထက်လူကြီးကသတ်မှတ်ပေးထားပါက တစ်နေ့တာလုပ်ကိုင်ရမယ့်အလုပ်များကိုခက်ခဲမှု၊ အချိန်ယူရမှုအလိုက် ပြန်စီစဉ်နိုင်ပါတယ်။ ၂။ အနားယူပါ။နေ့စဉ်အချိန်စာရင်းထဲမှာ အနားယူချိန်တိုလေးတွေထည့်သွင်းရေးဆွဲဖို့မမေ့ပါနဲ့။ ၁၀ မိနစ်တစ်ခါ သို့မဟုတ်မိနစ်၂၀ တစ်ခါ လုပ်လက်စအလုပ်ကနေ စက္ကန့်ပိုင်းလောက်သာဖြစ်ဖြစ် မျက်လုံးမှိတ်အနားယူခြင်းရေသောက်ခြင်း ခနတဖြုတ်လမ်းလျှောက်ခြင်းစသောအလေ့အကျင့်တို့ကိုပြုလုပ်ပါ။ ၃။ အကောင်းဘက်ကတွေးပါ။ဒီအလုပ်ကိုဘာကြောင့်စတင်လုပ်ကိုင်ဖြစ်ခဲ့တာလဲ။ လုပ်ကိုင်နိုင်ဖို့ဘယ်လိုကြိုးစားခဲ့ရလဲ။အနည်းဆုံးတော့ ကိုယ့်မှာလုပ်ကိုင်စရာလုပ်ငန်းတစ်ခုတော့ရှိနေပါသေးတယ်။ကိုယ့်လိုနေရာတစ်ခုရဖို့ ကြိုးစားနေရဆဲသူတွေထပ်တော့ ကိုယ်ကအများကြီးရှေ့ရောက်နေပါသေးတယ်။ ၄။ သက်တောင့်သက်သာဖြစ်အောင်နေပါ။ ဒီနည်းလမ်းကတော့ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေအတွက်ပိုသင့်တော်ပါတယ်။အလုပ်စားပွဲနေရာပြောင်းခြင်း၊ ကော်ဖီဆိုင် ၊ စာကြည့်တိုက်၊ ပန်းခြံတို့ကိုလဲ ကိုယ့်ရဲ့ရုံးခန်းအဖြစ်အသုံးချနိုင်ပါတယ်။ ၅။ အနာဂတ်ကိုပုံဖော်စိတ်ကူးပါ။ကိုယ့်ရဲ့စိတ်ကူးအိမ်မက်ဟာ ဒီလုပ်ငန်းမဟုတ်သေးရင်တောင်စိတ်ကူးအိမ်မက်ကိုအကောင်အထည်ဖော်ဖို့လက်ရှိအလုပ်ကို လုပ်ကိုင်နေရတာမဟုတ်လား။ စိတ်ကူးနဲ့ထပ်တူကျတဲ့လုပ်ငန်းဖြစ်နေပြီးသားဆိုရင်အတိုင်းထပ်အလွန်ပဲပေါ့။ ရေရှည်ပန်းတိုင်ကိုမျှော်မှန်းရုံသာမက အစီအစဉ်တစ်ခုအောင်မြင်သွားတိုင်း ကိုယ့်ကိုကိုယ်ဆုချဖို့မမေ့ပါနဲ့။————————–———- Hnin Pwintwww.myanmarleaders.com

အပြောလျှော့ပြီး အလုပ်နဲ့သာ သက်သေပြပါ…

သင်က နယ်ပယ်တစ်ခုမှာ အောင်မြင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့ လိုအပ်ပါတယ်။ ၁။ ပြင်းထန်စွာ အလုပ်ကြိုးစားပါ။လူအများစုဟာ လက်တလော အဆင်ပြေဖို့လောက်သာ အလုပ်ကြိုးစားကြပါတယ်။ သင်ဟာ ထူးချွန်အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အလုပ်ကို ပြင်းထန်စွာ ကြိုစားဖို့လိုပါတယ်။ အမှန်တကယ် အလုပ်ကြိုးစားတဲ့ သူတွေကို အောင်မြင်မှုက စောင့်ကြိုနေမှာ သေချာပါတယ်။ ၂။ အပြောလေးတွေ လျှော့ပါ။စကားဆိုတာ လူတိုင်း အလွယ်တကူ ပြောတတ်ကြပါတယ်။ အလုပ်နဲ့ သက်သေပြဖို့သာ ခက်ခဲတာပါ။ ဒါကြောင့် နေရာတကာမှာ အပြောကို ဦးစားမပေးဘဲ အလုပ်ကိုသာ အာရုံစိုက်ပါ။ ၃။ ရည်မှန်းချက် ကြီးကြီးထားပါ။လူတိုင်းမှာ ရည်မှန်းချက် ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ ရည်မှန်းချက်တွေက ကြီးမားနေဖို့လိုပါတယ်။ ရည်မှန်းချက်တွေအတိုင်း အလုပ်ကြိုးစားမယ်ဆိုရင် ခမ်းနားတဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်လာမှာ

Read More

အလုပ်ကြိုးစားရင်း စိတ်ပင်ပန်းလာရင် ဘာတွေလုပ်သင့်သလဲ ?

အလုပ်ကြိုးစားတဲ့ လူတွေဟာ တစ်ခါတစ်လေ ဘာမှဆက်မလုပ်ချင်လောက်အောင် စိတ်ပင်ပန်းလာတတ်ပါတယ်။ နေ့ရောညပါ အလုပ်တွေ ဆက်တိုက်လုပ်နေမိတာကြောင့် အလုပ်မှာငြီးငွေ့လာပြီး စိတ်ဓာတ်တွေ ကျလာတတ်ပါတယ်။အလုပ်တွေ ဆက်တိုက်ကြိုးစားရင်း ပင်ပန်းလာရင် ဘာလုပ်သင့်တယ်ဆိုတာ ဖော်ပြပေးချင်ပါတယ်။ ၁။ အနားယူပါ။စိတ်ဖိစီးမှုတွေများပြီး ဘာအလုပ်မှ ဆက်မလုပ်နိုင်တော့ရင် အချိန်အတိုင်းအတာ တစ်ခုအထိ အနားယူလိုက်ပါ။ အလုပ်တွေကို ခဏမေ့ထားပြီး အနားယူဖို့ စီစဉ်တာ အကောင်းဆုံးပါ။ စိတ်ဖိစီးမှုတွေ လျော့နည်းသွားခါမှ လုပ်လက်စအလုပ်တွေကို ဆက်လက် လုပ်ဆောင်ပါ။ ၂။ ဆုံးဖြတ်ချက်ချဖို့ ဆိုင်းငံ့ထားပါ။အလုပ်ပင်ပန်းနေချိန်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို မချသေးဘဲ ခဏ ဆိုင်းငံ့ထားသင့်ပါတယ်။ စိတ်ပင်ပန်းနေရင် အလွယ်တကူ အရှုံးပေးတတ်တာကြောင့် ဆုံးဖြတ်ချက်အမှားတွေကို ချမိတတ်ပါတယ်။ စိတ်ကြည်လင်နေမှသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ——————————ဒါကြောင့် အလုပ်မှာ ပင်ပန်းပြီး စိတ်ဓာတ်တွေ ကျနေရင်

Read More

အရေးမကြီးတဲ့ အရာတွေနဲ့ အချိန်ကုန်နေပြီလား ?

အချိန်ဆိုတာ အလွန်တန်ဖိုးရှိပါတယ်။ တစ်နေ့တာအတွက် ရရှိလိုက်တဲ့ အချိန်တွေကို ကောင်းကောင်းအသုံးချတတ်ဖို့ အလွန်အရေးကြီးပါတယ်။ ကမ္ဘာပေါ်က လူသားတိုင်းဟာ တစ်ရက်မှာ ၂၄ နာရီသာ အချိန်ရကြပါတယ်။ ဘယ်သူမှ အချိန်ပိုမရသလို၊ ဘယ်သူမှလည်း လျော့ပြီးမရကြပါဘူး။ ရရှိတဲ့ အချိန်တွေကို အကျိုးရှိအောင် ဆောင်ရွက်တဲ့လူတွေကသာ ပိုမိုအောင်မြင်သွားကြတာ ဖြစ်ပါတယ်။ မနက်ကနေ ညအထိ သင်လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ပြန်လည် စမ်းစစ်သင့်ပါတယ်။ တစ်နေကုန် အရေးမကြီးတဲ့ အရာတွေကို ဦးစားပေးနေရင် သင့်ဘဝက တိုးတက်လာမှာ မဟုတ်ပါဘူး။ အချိန်ကုန်လာတာနဲ့ အမျှ သင့်ဘဝက တိုးတက်လာသင့်ပါတယ်။ အတတ်ပညာ၊ အတွေ့အကြုံ၊ ငွေကြေးဥစ္စာ အစရှိတဲ့ အရာတွေကို အမြဲ ရှာဖွေနေသင့်ပါတယ်။ သင်ရပ်နေတဲ့ အချိန်မှာ အခြားသူတွေ ကြိုးစားနေတယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ Linn Linn

Read More

စိတ်ပျက်လက်လျှော့ချင်နေပြီလား

ပျော်ပျော် မပျော်ပျော်ရှေ့ဆက်နေဖို့အရေးကြီးတယ်မဟုတ်လား။ ဘယ်လိုလုပ်ငန်းမျိုးပဲဖြစ်ပါစေ နေ့စဉ်နေ့တိုင်းတတ်တတ်ကြွကြွလုပ်ကိုင်နိုင်ဖို့မလွယ်ကူပါဘူး။ နေ့စဉ်လုပ်ငန်းထဲမှာ စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုတွေသာမကစိတ်ပျက်စရာပျင်းရိငြီးငွေ့စရာကောင်းတဲ့ နေ့ရက်တွေကိုကြုံတွေ့ရလာမှာပါ။လုပ်ငန်းခွင်မှာအားတင်းရှေ့ဆက်နိုင်ဖို့ ဒီနည်းလမ်း ၅ ချက်ကို ကြိုးစားကြည့်ပါ။ ၁။ ကြိုတင်အစီအစဉ်ရေးဆွဲပါ။ တစ်နေ့တာအချိန်စာရင်းကိုကြိုတင်ရေးဆွဲထားခြင်းအားဖြင့် အချိန်ကိုစနစ်တကျစီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်။ဘယ်အချိန်စားမလဲ ဘယ်အချိန်နားမလဲ ဘယ်အချိန်အလုပ်လုပ်မလဲ စသဖြင့်ရေးဆွဲထားနိုင်ပါတယ်။အချိန်စာရင်းကိုအထက်လူကြီးကသတ်မှတ်ပေးထားပါက တစ်နေ့တာလုပ်ကိုင်ရမယ့်အလုပ်များကိုခက်ခဲမှု၊ အချိန်ယူရမှုအလိုက် ပြန်စီစဉ်နိုင်ပါတယ်။ ၂။ အနားယူပါ။ နေ့စဉ်အချိန်စာရင်းထဲမှာ အနားယူချိန်တိုလေးတွေထည့်သွင်းရေးဆွဲဖို့မမေ့ပါနဲ့။ ၁၀ မိနစ်တစ်ခါ သို့မဟုတ်မိနစ်၂၀ တစ်ခါ လုပ်လက်စအလုပ်ကနေ စက္ကန့်ပိုင်းလောက်သာဖြစ်ဖြစ် မျက်လုံးမှိတ်အနားယူခြင်းရေသောက်ခြင်း ခနတဖြုတ်လမ်းလျှောက်ခြင်းစသောအလေ့အကျင့်တို့ကိုပြုလုပ်ပါ။ ၃။ အကောင်းဘက်ကတွေးပါ။ ဒီအလုပ်ကိုဘာကြောင့်စတင်လုပ်ကိုင်ဖြစ်ခဲ့တာလဲ။ လုပ်ကိုင်နိုင်ဖို့ဘယ်လိုကြိုးစားခဲ့ရလဲ။အနည်းဆုံးတော့ ကိုယ့်မှာလုပ်ကိုင်စရာလုပ်ငန်းတစ်ခုတော့ရှိနေပါသေးတယ်။ကိုယ့်လိုနေရာတစ်ခုရဖို့ ကြိုးစားနေရဆဲသူတွေထပ်တော့ ကိုယ်ကအများကြီးရှေ့ရောက်နေပါသေးတယ်။ ၄။ သက်တောင့်သက်သာဖြစ်အောင်နေပါ။  ဒီနည်းလမ်းကတော့ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေအတွက်ပိုသင့်တော်ပါတယ်။အလုပ်စားပွဲနေရာပြောင်းခြင်း၊ ကော်ဖီဆိုင် ၊ စာကြည့်တိုက်၊ ပန်းခြံတို့ကိုလဲ ကိုယ့်ရဲ့ရုံးခန်းအဖြစ်အသုံးချနိုင်ပါတယ်။ ၅။ အနာဂတ်ကိုပုံဖော်စိတ်ကူးပါ။ ကိုယ့်ရဲ့စိတ်ကူးအိမ်မက်ဟာ ဒီလုပ်ငန်းမဟုတ်သေးရင်တောင် စိတ်ကူးအိမ်မက်ကိုအကောင်အထည်ဖော်ဖို့လက်ရှိအလုပ်ကို

Read More

အောင်မြင်မှုအတွက် ဆုံးဖြတ်ချက်

ဝန်ထမ်းလုပ်နေသူဟာ လက်ရှိအလုပ်က ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ချင်နေတယ်။ ဘာလုပ်ငန်း လုပ်ရမလဲဆိုတာ စိတ်ကူးမှာ ရှိထားပြီးသားပါ။ ဒါပေမယ့် စိတ်ကူးကို အကောင်အထည်ဖေါ်ဖို့ လက်ရှိအလုပ်က မထွက်ရဲဘူး။ ဘာကြောင့်လဲ။ အကြောင်းပြချက်တွေက အရင်းအနှီး မရှိဘူး။ လက်ရှိအလုပ်က ထွက်လိုက်ရင် မိသားစု စားဝတ်နေရေး ဒုက္ခရောက်သွားမယ်။ အောင်မှ အောင်မြင်ပါ့မလား။ ဘဝအတွက် အင်မတန် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရမှာမို့ သူ့စိတ်ကူးကို အကောင်ထည်ဖေါ်ရကောင်းမလား မကောင်းဘူးလားနဲ့ စိတ်ထဲမှာ ချီတုံချတုံ ဖြစ်နေတယ်။ ဒါပေမယ့် စိတ်ကူးထားတဲ့ အိပ်မက်ကို အကောင်အထည်ဖေါ်ဖို့ ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင်ချလိုက်ပြီး ဘီလျံနာသူဋ္ဌေး ဖြစ်သွားသူတစ်ယောက် ရှိပါတယ်။ သူ့နာမည်က ဂျက်မား။ ကမ္ဘာကျာ်အင်တာနက်ကုမ္ပဏီကြီးဖြစ်တဲ့ အလီဘာဘာကုမ္ပဏီကို ထူထောင်ခဲ့သူပါ။ ဂျက်မားက ခုလို ဆုံးဖြတ်ချက်ချဖို့ အခြေအနေမျိုး သူလည်း ကြုံခဲ့ဖူးပါတယ်လို့

Read More