စီးပွားရေးလုပ်ငန်းတစ်ခု စတင်တော့မယ်ဆိုရင် ဒီအချက်လေးတွေ သိထားပါ…

၁။ ဈေးကွက်ကို နားလည်အောင် ကြိုးစားပါ။ ပြိုင်ဘက်တွေနဲ့ ယှဉ်နိုင်ဖို့ဆိုရင် ဈေးကွက်ကို သေချာသိဖို့လိုပါတယ်။ ကိုယ့်စီးပွားရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို အတွင်းကျကျ လေ့လာထားဖို့ လိုပါတယ်။ လုပ်ငန်းနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို Google မှာရိုက်ရှာပြီး လေ့လာထားပါ။ ဈေးကွက်က အခြေအနေမကောင်းလို့လဲ စိတ်ဓာတ်မကျပါနဲ့။ အဲဒိအခြေအနေကို အသုံးချပြီး အကျိုးအမြတ်ရအောင် ဖန်တီးယူလို့ ရပါတယ်။ သင်တကယ် အလုပ်လုပ်ဖို့ပဲ လိုပါတယ်။ ၂။ သေချာတဲ့ အမြတ်ငွေပမာဏကို ကြိုတင်တွက်ချက်ထားပါ။ ခြောက်လ တစ်ခါ အမြတ်ငွေပမာဏ ဘယ်လောက်ကျန်ရမယ်ဆိုပြီး ကြိုတင်တွက်ထားပါ။ အဲ့လို အမြတ်ငွေ တကယ်ရဖို့ ဘာတွေ လိုအပ်တယ်ဆိုတာကိုလဲ သေချာသိအောင် လုပ်ဖို့လိုပါတယ်။ ရည်မှန်းချက်တွေ ထားပြီး တကယ်ဖြစ်လာအောင် ကြိုးစားနေရမှာလဲ ဖြစ်ပါတယ်။ ၃။ Customer တွေကို အလေးထားပါ။

Read More

အောင်မြင်မှုရရှိဖို့ အမှန်တကယ် ဖြတ်ကျော်ရမယ့် အဆင့်များ

လူတိုင်းက အောင်မြင်မှုကို လိုချင်ကြပါတယ်။ ပတ်ဝန်းကျင်မှာ အောင်မြင်နေတဲ့ လူတွေကို တွေ့ရင်လည်း လေးစားအားကျပြီး သူတို့လို အောင်မြင်အောင် ကြိုးစားချင်ကြပါတယ်။ ဒါပေမယ့် ယခုအချိန်မှာ အောင်မြင်နေတဲ့သူတွေလဲ အရင်က ဒီအဆင့်တွေကို ဖြတ်ကျော်ခဲ့ရတယ်ဆိုတာတော့ သိထားဖို့လိုပါတယ်။ ၁။ စွန့်လွှတ်၊အနစ်နာခံခဲ့ကြရပါတယ်။သူတို့တွေဟာ အောင်မြင်မှုရရှိဖို့အတွက် အချိန်တွေ၊ ငွေတွေရင်းနှီးပြီး လုပ်အားတွေအများကြီး စိုက်ထုတ်ခဲ့ရပါတယ်။ ၂။ ငြင်းပယ်ခံခဲ့ကြရပါတယ်။အရင်တစ်ချိန်က ငြင်းပယ်ခံခဲ့ရပေမယ့် အခုချိန်မှာ အောင်မြင်နေတဲ့လူတွေအများကြီးပါ။ ဒါကြောင့် ငြင်းပယ်ခံရတဲ့ အချိန်မှာ စိတ်ဓာတ်မကျပါနဲ့။ ၃။ အခက်အခဲ၊ဒုက္ခတွေကို ကျော်ဖြတ်ရပါတယ်။လက်ရှိအောင်မြင်နေတဲ့ လူအများစုဟာ သာမန်လူတွေထက် အခက်အခဲ၊ဒုက္ခတွေကို ကျော်ဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့်လဲ သူများတွေထက် ထူးချွန်အောင်မြင်နေတာ ဖြစ်ပါတယ်။ ၄။ စိတ်ပျက်စရာတွေလဲ ကြုံတွေ့ရပါတယ်။အောင်မြင်သူတွေ ကြိုးစားခဲ့တဲ့ လမ်းတစ်လျှောက်ဟာ စိတ်ထိခိုက်စရာ၊ စိတ်အနှောင့်အယှက်တွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ယခုအချိန်မှာ စိတ်ညစ်စရာတွေတွေ့ရင်လည်း

Read More

စွန့်ဦးတီထွင်သမား တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုမလဲ?

စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆိုတာနဲ့ လူတွေက အောင်မြင်နေတဲ့ လူတွေကိုပဲ ပြေးမြင်ကြပါတယ်၊ စွန့်ဦးတီထွင်သမားဆိုတာ အခု ထလုပ်၊ အခု ချက်ချင်း အောင်မြင် သွားကြတဲ့ သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ သူများတွေ မမြင်နိုင်တဲ့၊ တခြားသူတွေ မတွေးတဲ့ ကိစ္စ တွေကို တွေးပြီး ရူးသွပ်ခဲ့ရတဲ့ သူတွေပါ၊ စွန့်ဦးတီထွင်သမား တစ်ယောက်လုပ်တော့မယ်လို့ ဆုံးဖြတ်ထားပြီလား? ဒါဆိုရင် သင့်ကိုသင် ပြန်မေးကြည့်ပါ၊ငါ အောက်က အချက်တွေကို လုပ်နိုင်ရဲ့လားလို့? 1 . ၀င်ငွေ Company ၀န်ထမ်းဘ၀မှာတော့ လကုန်ပြီဆိုတာနဲ့ လစာဟာ ပုံမှန်ရရှိနေမှာ ဖြစ်တာကြောင့် ကိစ္စမရှိပါဘူး၊ဒါပေမယ့် ကိုယ်ပိုင်အလုပ်ကို စလုပ်ပြီဆိုတာနဲ့ အမြတ်ကို ကြိုတွက်ထားလို့ မရပါဘူး၊ အရှုံးတွေနဲ့ ရင်ဆိုင်လာရမှာတွေ၊ကိုယ့်ရဲ့ ၀င်ငွေဟာ Company ၀န်ထမ်းလောက်တုန်းကတောင် မရှိတော့တွေကို

Read More

စွန့်ဦးတီထွင်သမား တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုမလဲ?

စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆိုတာနဲ့ လူတွေက အောင်မြင်နေတဲ့ လူတွေကိုပဲ ပြေးမြင်ကြပါတယ်၊ စွန့်ဦးတီထွင်သမားဆိုတာ အခု ထလုပ်၊ အခု ချက်ချင်း အောင်မြင် သွားကြတဲ့ သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ သူများတွေ မမြင်နိုင်တဲ့၊ တခြားသူတွေ မတွေးတဲ့ ကိစ္စ တွေကို တွေးပြီး  ရူးသွပ်ခဲ့ရတဲ့ သူတွေပါ၊ စွန့်ဦးတီထွင်သမား တစ်ယောက်လုပ်တော့မယ်လို့ ဆုံးဖြတ်ထားပြီလား? ဒါဆိုရင် သင့်ကိုသင် ပြန်မေးကြည့်ပါ၊ ငါ အောက်က အချက်တွေကို လုပ်နိုင်ရဲ့လားလို့? 1 . ၀င်ငွေ Company ၀န်ထမ်းဘ၀မှာတော့ လကုန်ပြီဆိုတာနဲ့ လစာဟာ ပုံမှန်ရရှိနေမှာ ဖြစ်တာကြောင့် ကိစ္စမရှိပါဘူး၊ဒါပေမယ့် ကိုယ်ပိုင်အလုပ်ကို စလုပ်ပြီဆိုတာနဲ့ အမြတ်ကို ကြိုတွက်ထားလို့ မရပါဘူး၊ အရှုံးတွေနဲ့ ရင်ဆိုင်လာရမှာတွေ၊ကိုယ့်ရဲ့ ၀င်ငွေဟာ Company ၀န်ထမ်းလောက်တုန်းကတောင်

Read More

Follow Your Passion!

မနက်အိပ်ရာထတိုင်းမှာ Apple ရဲ့ ပဲ့ကိုင်ရှင် Steve Jobs လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုရှိပါတယ်။။ မနက်အိပ်ရာနိုးတာနဲ့ မှန်ရှေ့မှာမတ်တပ်ရပ်၊ မှန်ထဲက ကိုယ့်ကိုကိုယ် ကြည့်ပြီး “အကယ်၍ ဒီနေ့သာ ငါအသက်ရှင်နေထိုင်ရတဲ့ နောက်ဆုံးနေ့ ဖြစ်ခဲ့ရင် ဒီနေ့ လုပ်ရမယ့်အလုပ်တွေကို ငါလုပ်ချင်ရဲ့လား” ဆိုတဲ့ မေးခွန်း မေးပါသတဲ့။ ကျွန်တော်တို့လဲ ဒီအလေ့အကျင့်ကို လုပ်ထားသင့်ပါတယ်။ အကယ်၍ ကိုယ့်ကိုကိုယ် မေးလိုက်လို့ No ဆိုတဲ့အဖြေထွက်လာရင်တော့ ပြောင်းလဲဖို့ အချိန်တန်ပြီ။ ကျွန်တော်တို့ နေ့စဉ် ရုံးသွားတက်ရတယ်၊ အလုပ်လုပ်ရတယ်။ ဒီအလုပ်ဟာ ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်ဟုတ်ရဲ့လား? အကယ်၍ ဒီနေ့ပြီးလို့ ကိုယ် သေရတော့မယ်ဆိုရင် ကိုယ်မလုပ်ချင်တဲ့အလုပ်ကို လုပ်ပြီးသေသွားမှာလား? မပြောင်းတော့ဘူးလား။ နှလုံးသားက ပြောတဲ့စကားကို နားထောင်ရင် အောင်မြင်မှုက အနောက်က လိုက်လာပါလိမ့်မယ်။

တင်းနစ်ဘောလုံးတစ်လုံး၊ စက်ဝိုင်းတစ်ခု၊ နှင့် နံပါတ် ၃၀၀၀၀

## တင်းနစ်ဘောလုံးတစ်လုံး သူ့အသက် (၂၁) နှစ်မှာ ကုမ္ပဏီတစ်ခု စထောင်ဖြစ်တယ်။ သူငယ်ချင်းတစ်ယောက်နဲ့ အတူတူတွဲပြီးတော့ပေါ့။ ကုမ္ပဏီရဲ့ လုပ်ငန်းကတော့ SAT သင်တန်းတွေကို Online ကနေ သင်ရိုးအသစ်နဲ့ သင်နိုင်ဖို့ ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်းပါ။ အစကတော့ ဟုတ်မလိုလိုပါပဲ။ နှစ်နည်းနည်းကြာတော့ အနှုတ်လက္ခဏာပြလာတယ်။ လုပ်ရကိုင်ရတာ ပိုခက်လာတယ်။ သူ လုပ်နေတဲ့အလုပ်ကို လုံးဝ ဆက်ပြီး လုပ်ချင်ကိုင်ချင်စိတ်ကို မရှိတော့ဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် အားမရတာတွေ၊ ယုံကြည်မှုမရှိတော့တာတွေလဲ နောက်က လိုက်လာတော့တာပေါ့။ ဒါနဲ့ပဲ သူ အဲဒီအလုပ်ကို နားလိုက်တယ်။ ဆက်မလုပ်ဖြစ်တော့ဘူး။ ဒီနောက်မှာ online မှာ ဖဲရိုက်လို့ရတဲ့ Poker Bot တစ်ခု ဖန်တီးပြီး ကိုယ်တိုင်လဲ ဖဲကစားရင်း စိတ်လေနေခဲ့တယ်။ ဖဲလဲ

Read More

စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ဖို့ သင့်ခန္ဓာကိုယ်မှာရှိနေရမည့်အချက်များ

စွန့်ဦးတီထွင်ချင်သူတွေအနေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အခြားသူတွေလို ဒီတိုင်းလေးပစ်ထားလို့မရပါဘူး ။ အစိတ်အပိုင်းတစ်ခုဆီကို ကောင်းမွန်စွာအသုံးချတတ်ရမှာဖြစ်ပါတယ် ။ ဒါ့ကြောင့် စွန့်ဦးတီထွင်သမားတွေဟာ ခန္ဓာကိုယ်မှာအရင်ဆုံး ရင်းနှီးမြှပ်နှံရပါမယ် ။ Brain ဦးနှောက်ထဲမှာ အိုင်ဒီယာတွေနဲ့ပြည့်နှပ်နေရမယ် ။ဒီအိုင်ဒီယာတွေက သူများနဲ့မတူတဲ့အကြောင်းအရာတွေဆိုပိုလို့ကောင်းပါတယ် ။ Eyes မျက်လုံးထဲမှာ ရင်းနှီးမြှပ်နှံသူနဲ့ အခွင့်အလမ်းတွေအတွက် ရှာဖွေနေရပါမည် ။ ကိုယ်လိုချင်တဲ့ Target ရောက်ဖို့နီးစပ်နိုင်သူတွေနဲ့ ထိတွေ့ခွင့်ရအောင်လည်း ကြိုးစားသင့်ပါသည် ။ Mouth အောင်မြင်တဲ့အသိုက်အ၀န်းတစ်ခုဖန်တီးနိုင်ဖို့အတွက် ပြောတတ်ဆိုတတ်ပေါင်းသင်းတတ်တဲ့ သူတစ်ယောက်ဖြစ်ရပါမည် ။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ခြင်းက သင့်လုပ်ငန်းတွေအတွက် အထောက်အပံ့ကောင်းတစ်ခုပဲဖြစ်ပါတယ် ။ Ears သုံးစွဲသူ Customer ရဲ့ Feedback ကိုအမြဲတမ်း နားစွင့်ထားရပါမည် ။ ဒါမှအားနည်းချက်တွေရှိရင်ပြင်မယ် ၊ တိုးချဲ့လို့ရတာကို တိုးချဲ့နိုင်မှာဖြစ်ပါတယ် ။ Stomach အစာအိမ်ထဲမှာတော့

Read More

ဝန်ထမ်း ဘဝကို စွန့်လွှတ်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်တော့မယ် ဆိုရင်

၁။ မကြောက်နဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်လို့ ဆိုလိုက်တာနဲ့ ဆုံးရှုံးမှာ ကြောက်တဲ့ စိတ်၊ မအောင်မြင်မှာ ကြောက်တဲ့ စိတ် စတဲ့ ကြောက်စိတ်တွေ ပြည့်နှက်နေရင်တော့ မဖြစ်ပါဘူး။ ဒါကြောင့် ဘယ်လို ကြောက်စိတ်ကို မဆို ဘယ်ရှား ပစ်လိုက်ပါ။ ၂။ ခက်ခဲမယ် ဝန်ထမ်းဘဝက အေးအေးဆေးဆေးလေး ဖြတ်ကျော်လို့ ရပေမယ့် ကိုယ်ပိုင် စီးပွားရေး လုပ်ပြီ ဆိုရင်တော့ အခက်အခဲတွေ များစွာကို ကျော်လွှားနိုင်မယ့် သတ္တိရှိဖို့တော့ လိုပါလိမ့်မယ်။ အဲလို သတ္တိမရှိသေးဘူး ဆိုရင်တော့ ဝန်ထမ်းဘဝမှာပဲ နေပါအုံး။ ၃။ ယုံကြည်မှု ဝန်ထမ်းလုပ်နေတာ အဆင်ပြေပါတယ် ဒါပေမယ့် ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့အတွက် ပိုပြီး ဝါသနာ ပါတယ်ဆိုရင်တော့ မိမိကိုယ်ကိုယ် အောင်မြင်အောင် လုပ်ကို လုပ်နိုင်ရမယ်

Read More

ကိုယ်ပိုင်စီးပွားရေး စလုပ်မယ့်သူများ သတိထားသင့်တဲ့ အခြေခံ အချက် (၅) ချက်

ကိုယ်ပိုင်စီးပွားရေး တစ်ခုခုလုပ်ဖို့ စဉ်းစားမိနေပြီလား၊ ဝန်ထမ်းဘဝကို စိတ်ကုန်နေပြီပေါ့။ ကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ဒီအချိန်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒါပေမယ့် ဒီအချက်လေး (၅) ချက်ကိုတော့ သတိထားပေးပါ။ ဒီအချက်လေးတွေဟာ အခြေခံအချက်တွေဖြစ်ပေမယ့် တော်တော်များများ သတိမထားမိဘဲ အမှားလုပ်မိတတ်ကြလို့ပါ။ (၁) ချက်ချင်းအောင်မြင်မယ်လို့ မမျှော်လင့်ပါနဲ့။ ချက်ချင်းလက်ငင်း ဝုန်းဒိုင်းဆိုပြီး ထအောင်မြင်တဲ့လုပ်ငန်းဆိုတာ မရှိပါဘူး။ ဖြည်းဖြည်းချင်း တည်ဆောက်ယူရတာဖြစ်ပါတယ်။ စကားပုံတောင် ရှိသေးတယ်လေ။ ခုရေတွင်းတိုး ခုရေကြည်သောက်လို့ မရဘူး ဆိုတာ.။ တော်တော်များများက စိတ်မရှည်တတ်ကြဘူး။ ခုလုပ်ငန်းတစ်ခုစလုပ်လိုက်တယ် တော်ကြာနေ ချက်ချင်းအောင်မြင်လာမယ်လို့ ထင်ကြတယ်။ မအောင်မြင်ရင် စိတ်ဓာတ်ကျလာကြတယ်။ အဲဒီအချက်လေးကို သတိထားပေးပါ။ လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင်တော့ အောင်မြင်ဖို့ အချိန်တစ်ခုတော့ လိုပါတယ်။ (၂) အေးအေးဆေးဆေးသာနေလိုက်ပါ၊ သူ့ဟာသူ ဖြစ်လာလိမ့်မယ်။ ဆိုပါတော့၊ ကိုယ့်ရဲ့

Read More

Virgin ကုမ္ပဏီအုပ်စုပိုင်ရှင် ဘီလျံနာသူဌေးကြီး Richard Branson ရဲ့ မှတ်သားဖွယ် စကားများ

(၁) နည်းနည်းပြောပြီး များများနားထောင်ပါ။ ကိုယ်ပြောနေတာ ကိုယ်ပြန်ကြားနေရုံနဲ့ ဘာမှ မသင်ယူနိုင်ဘူး။ (၂) အောင်မြင်မှုအတွက် အဆင့် (၃) ဆင့်ရှိတယ်။ တကယ်အရည်အချင်းရှိတဲ့သူတွေကို ခန့်ပါ။ သူတို့ အလုပ်လုပ်လို့ရအောင် လိုအပ်တဲ့ လက်နက်တွေတပ်ဆင်ပေးပါ။ ပြီးရင်တော့ ရှေ့ကနေ ဖယ်ပေးလိုက်ပါ။ (၃) ဝန်ထမ်းတွေ ထွက်သွားလို့ရလောက်တဲ့အထိ ပညာတွေသင်ပေးပါ။ သူတို့ထွက်မသွားချင်လောက်တဲ့အထိ ကောင်းကောင်းဆက်ဆံပါ။ (၄) တွန်းအားရှိပါ။ တွန်းအားကပဲ သင့်ကို မတ်တပ်ရပ်ပြီး စကားပြောစေနိုင်သလို တွန်းအားကပဲ သင့်ကို ထိုင်ပြီး နားထောင်စေနိုင်ပါတယ်။ (၅) စည်းမျဉ်းစည်းကမ်းတွေ လိုက်နာနေရုံနဲ့ ဘာမှ သင်ယူနိုင်မှာမဟုတ်ဘူး။ အလုပ်လုပ်ရင်း သင်ယူပါ၊ ကျရှုံးမှုတွေထဲက သင်ယူပါ။ စီးပွားရေးလုပ်ရာမှာ သေချာတဲ့အချက်တစ်ခုကတော့ သင်နဲ့တကွ သင့်ဘေးနားက လူတွေအားလုံး အမှားတွေလုပ်မိလိမ့်မယ် ဆိုတာပါပဲ။ (၆) အကယ်၍

Read More