သင်ဟာ ၀န်ထမ်းတစ်ယောက်ဆိုရင် ဒီအချက်တွေကို လိုက်နာသင့်တယ်!

1 . လုပ်ငန်းခွင်ထဲမှာ ကိုယ်မလုပ်နိုင်တဲ့ အရာကို အာမခံချက်မပေးမိပါစေနဲ့၊   သင့်ရဲ့အထက်အရာရှိက သင့်ကို တာဝန်တစ်ခုပေးမယ်ဆိုပါစို့၊ကိုယ်လုပ်နိုင်မယ့် ကိစ္စဆိုရင်တော့ အာမခံပြီး လုပ်ပေးလိုက်တာ ကောင်းပါတယ်၊ ကိုယ်မလုပ်နိုင်ဘဲနဲ့  အရာရှိက ကျေနပ်အောင် လုပ်နိုင်တယ်လို့ အာမခံချက် မပေးလိုက်ပါနဲ့၊သင့်အတွက် ပြဿနာရှိနိုင်ပါတယ်၊ 2 . အလုပ်တစ်ခုကို မြန်မြန်ဆန်ဆန်လုပ်ကိုင်ပါ၊  သင့်ကို အလုပ်တစ်ခုကို အရာရှိက လုပ်ခိုင်းလိုက်ပြီ ဆိုပါစို့၊ သင်လုပ်နိုင်တဲ့အရာဆိုရင် အမြန်ဆုံးနဲ့ အသေသပ်ဆုံးဖြစ်အောင် လုပ်ပေးလိုက်ပါ၊ အသေးအဖွဲလေးဆိုပြီး ပေါ့ပေါ့လျော့လျော့ မနေပါနဲ့၊ အကောင်းဆုံး ကတော့ အထက်က ခိုင်းသမျှ မှန်သမျှ မြန်မြန်ဆန်ဆန်နဲ့ လုပ်နိုင်ရင် အလုပ်ရှင် လည်း ကျေနပ်သလို အလုပ် စွမ်းဆောင် ရည်လည်း တိုးတက်ကာ ရာထူး တိုးတက် ဖို့လည်း နီးတာမို့

Read More

ဝန်ထမ်းတွေ အလုပ်ခွင်မှာ ပျော်ရွှင်နိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက် (၄) ချက်

   အလုပ်ရှင်တစ်ယောက်အနေနဲ့ဆိုရင် ကိုယ့်ရဲ့ ဝန်ထမ်းတွေဆိုတာ ကိုယ့်ရဲ့ Team ပါပဲ။ ကိုယ်ကတော့ Team Captain (အသင်းခေါင်းဆောင်) ပေါ့လေ။ အသင်းတစ်သင်းလုံး စည်းလုံးညီညွတ်ပြီး ပျော်ရွှင်စွာ အလုပ်လုပ်နိုင်မှ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာပါ။ တကယ်လို့ တစ်ယောက်ယောက်က အလုပ်လုပ်ရတာ မပျော်ဘူး၊ ဒါမှမဟုတ် တစ်သင်းလုံး မပျော်တော့ဘူးဆိုရင်တော့ ဘယ်လိုမှ ရှေ့ဆက်လို့ ရမှာမဟုတ်တော့ဘူး။ ဒီလိုဖြစ်လာပြီဆိုရင် အများစုသုံးတဲ့ ဖြေရှင်းနည်းက လခတိုးပေးလိုက်တာပါ။ ဒါပေမယ့် အဲဒီလို လခတိုးပေးလို့ရော တကယ်ပျော်ကြရဲ့လား၊ မငြင်းနိုင်တဲ့ လစာဖြစ်နေလို့ မထွက်နိုင်ဘဲ ဆက်လုပ်နေရပေမယ့် မပျော်ရွှင်တဲ့သူတွေလဲ ရှိဦးမှာပါ။ ဒီလိုဖြစ်နေရင်တော့ ကုမ္ပဏီတစ်ခုလုံးရဲ့ Productivity ကို ထိခိုက်လာပြီ။ ဒါဆို လစာလဲ တိုးပေးစရာမလို၊ ဝန်ထမ်းတွေလဲ ပျော်အောင် ဘယ်လိုလုပ်မလဲ…   (၁) မက်လုံးတွေပေးပြီး

Read More

အင်တာဗျူးဖြေမယ်ဆိုရင်

အင်တာဗျူးတွေမှာ အမေးများတဲ့ မေးခွန်းလေးတွေနဲ့ ဖြေဆိုပုံ ဥပမာလေးတွေပါ။ အချို့ အဖြေလေးတွေကတော့ တိုက်ရိုက်သုံးလို့ မရလောက်ပါဘူး။ ကိုယ်နဲ့ ကိုက်မယ့် အဖြေကို ပြန်ပြောင်းဖို့ လိုပါမယ်။

လ​စာ​တိုး​ဖို့ ​ညှိ​နှိုင်း​တဲ့​အ​ခါ

လူ​တွေ​က ​အိမ်​မှာ​ပဲ​ဖြစ်​ဖြစ်၊ ​အ​လုပ် ​မှာ​ပဲ​ဖြစ်​ဖြစ် ​ညှိ​နှိုင်း​ရ​တာ​တွေ​ရှိ​ပါ​တယ်။ ​ကြီးမားတဲ့ ညှိနှိုင်းမှုနဲ့ သေးငယ်တဲ့ ညှိနှိုင်းမှု ​ဒီ​နှစ်​ခု​ပဲ​ကွာ​ခြား​တာ​ဖြစ်​ပါ​တယ်။ ​ကိုယ့်​ရဲ့ ​လိုအပ်ချက်တွေအတွက် ညှိနှိုင်းမှု​အ​ဆ​င့် ​ဆ​င့်​ပြု​လုပ်​ရ​လေ့​ရှိ​ပါ​တယ်။ ​အ​လုပ်​မှာ ​လည်း​ဒီ​အ​တိုင်း​ပဲ​ဖြစ်​ပါ​တယ်။ ​ဝန်​ထမ်း​တိုင်း​ရဲ့ ​မျှော်​လ​င့်​ချက်​တွေ ​ထဲ​မှာ ​လ​စာ​တိုး​ဖို့​က​လည်း​တစ်​ခု​အ​ပါ​အ ​ဝင်​ဆို​တာ ​မ​ငြင်း​နိုင်​ပါ​ဘူး။ ​တ​ချို့​ဝန်​ထမ်း ​တွေ​အ​တွက် ​လ​စာ​တိုး​ဖို့ ​ညှိ​နှိုင်း​စ​ရာ​မ​လို ​ပေ​မဲ့ ​တ​ချို့​ဝန်​ထမ်း​တွေ​အ​တွက် ​လ​စာ ​တိုး​ပေး​ဖို့​တောင်း​ဆို​ရ​တာ​တွေ၊ ​ညှိ​နှိုင်း​ရ ​တာ​တွေ​လို​အပ်​ပါ​တယ်။ ​အဲ​ဒီ​အ​ခါ​မှာ ​ဘယ်​အ​ချက်​တွေ​က ​ညှိ​နှိုင်း​တဲ့​အ​ခါ ​အ​ထောက်​အ​ကူ​ဖြစ်​မ​လဲ။ ​ဘယ်​အ​ချက် ​တွေ​ကို​အ​ခြေ​ခံ​ပြီး ​ကိုယ့်​ရဲ့​လ​စာ​တိုး​မြှ​င့်​ဖို့ ​ကို​တောင်း​ဆို​သ​င့်​သ​လဲ​ဆို​တာ​ကို ​ဖော်​ပြ ​ပေး​သွား​မှာ​ဖြစ်​ပါ​တယ်။ ​ကိုယ်​ရဲ့​လုပ်​ဆောင်​ချက်​တွေ​ကို ​မှတ်တမ်း​တင်​ထား​ပါ ​ဒီ​အ​ချက်​က ​လ​စာ​တိုး​တောင်း​တဲ့​အ ​ခါ​အ​သုံး​ဝင်​ပါ​လိမ့်​မယ်။ ​ကိုယ်​က ​ကု​မ္ပ​ဏီ ​အ​တွက်​မ​ရှိ​မ​ဖြစ်​လူ​တစ်​ယောက်​လို​အ​ရေး ​ပါ​အ​ရာ​ရောက်​သူ​လား။ ​ဒါ​ဆို​ရင်​တော့ ​လ​စာ​တိုး​တောင်း​ဖို့​အ​စီ​အ​စဉ်​က​ပို​မို​လွယ်​ကူ ​ပါ​လိမ့်​မယ်။ ​ကု​မ္ပ​ဏီ​မှာ​ရှိ​နေ​ချိန်​မှာ

Read More

၂၀၁၆ မှာ လူငယ်တွေ ဘာတွေ ပြင်ဆင်ထားကြမလဲ … ? (၁)

များမကြာခင်ကာလမှာ ၂၀၁၅ ခုနှစ် ကုန်ဆုံးပြီး ၂၀၁၆ ကို ကူးပြောင်းပါတော့မယ် … ကျွန်တော့်တို့ မြန်မာပြည်မှာလည်း အစိုးရသစ်တစ်ရပ်နဲ့ အတူ … နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ အပါအဝင် ပြည်တွင်း လုပ်ငန်း တွေလည်း အတိုင်းအတာတစ်ခုအထိ မြန်ဆန်ချောမွေ့လာပြီးတော့ အလုပ်အကိုင်အခွင့်အလမ်း တွေလည်း ပိုမိုပွင့်လင်းလာကြပါတော့မယ် … ။ လူငယ်တွေ ဘာတွေ ပြင်ဆင်ထားကြမလဲ … ? လူငယ်တွေ ပြင်ဆင်ထားဖို့လိုအပ်တဲ့ Soft Skills တွေကို ရေးသားပါမယ် … ၁။ သက်ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု—————————————လူတစ်ယောက်ဟာ အသိပညာဗဟုသုတ ပြည့်စုံဖို့အတွက် နယ်ပယ် အသီးအသီးကို သိနေဖို့ လိုပေမယ့် တကယ် အသုံးချဖို့အတွက်တော့ တစ်ခုခုကို တတ်ကျွမ်းကျင်ထားဖို့လိုပါတယ်။ ဒီနေရာမှာ သိတာနဲ့ တတ်တာကို ကွဲပြားဖို့လိုပါတယ် …

Read More

အလုပ်နည်းနည်း ပြီးမြောက်မှု များများနဲ့ အောင်မြင်တဲ့သူ ဖြစ်အောင် ဘယ်လိုလုပ်မလဲ ? – Guest Post

တနင်္လာနေ့ ဟာ အလုပ်လုပ်တဲ့ သူတိုင်း ကြောက်တဲ့ နေ့ တစ်နေ့ လည်း ဖြစ်ပါတယ်။ ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေမှာ ဆိုရင်တောင် တနင်္လာနေ့ အကြောင်း စဉ်းစားလိုက်တာနဲ့  တီကောင် ဆားတို့ ခံရသလို တွန့် သွားတက်ကြပါတယ်။ အသိမိတ်ဆွေ တစ်ချို့ ကတော့ Monday ဆိုတဲ့အကြောင်းကို သူတို့ ရှေ့ မှာ လာမပြောပါနဲ့ ဆိုတဲ့အထိ ကြုံဖူးပါတယ်။ ဘာကြောင့် တနင်္လာနေ့ ကို ကြောက်ကြတာလဲ ဆိုတာလည်း ရှင်းပါတယ်။ အလုပ်လုပ်ရတဲ့ တစ်ပတ်တာရဲ့ ပထမရက်ဖြစ်ပြီး အလုပ်ရက်ရှည်ကြီးကို ပထမဆုံး ကြုံတွေ့ ရမဲ့ နေ့ ဖြစ်နေလို့ ပါပဲ။ ဝန်ထမ်းများတင်မဟုတ်ပါဘူး အလုပ်ရှင်များ ကုမ္ပဏီ အကြီးအကဲများမှာလည်း ဒီလို ခံစားချက် ရှိပါတယ်။

Read More

အလုပ်မှာ ပိုမိုအောင်မြင်စေမယ့် နည်းလမ်း ၁၈ ချက်

သင့်အလုပ်မှာ ပိုမိုပျော်ရွှင်နိုင်စေဖို့ အလွယ်တကူလုပ်နိုင်တဲ့ အချက် ၁၈ ချက်ကို ရေးသားပေးထားပါတယ်.။ (3 Mins Read) ၁။ တစ်ရက်တစ်ရက် ကားပေါ်ကုန်ရတဲ့ အချိန်တွေမှာ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်မယ့် အသံဖိုင်တွေ၊ သီချင်းတွေ နားထောင်လို့ရပါတယ်။ ၂။ အလုပ်ကိုစောစောရောက်နိုင်သမျှရောက်အောင် သွားပါ။ ဒါမှသာစိတ်မပင်ပန်းရဘဲအလုပ်ကို အာရုံစူးစိုက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ၃။ ကိုယ့်လက်ထဲမှာရှိတဲ့အလုပ်ကို အရင်လုပ်ပါ။ အီးမေးလ်ကို အရင်ဆုံးမစစ်ပါနဲ့။ အခါအားလျော်စွာ စစ်ပေးလို့ရပါတယ်။ ၄။ အရေးကြီးတဲ့အလုပ်တွေကို ဦးစားပေးပြီး လုပ်ဆောင်ပါ။ ၅။ တစ်နေ့တာ အလုပ်တွေကို ကြိုတင် အစီအစဉ်ရေးဆွဲပါ။ အောင်မြင်နိုင်တဲ့ ရည်မှန်းချက်တွေထားပြီး လုပ်ဆောင်ပါ။ ၆။ အလုပ်လုပ်နေချိန်တွေမှာ ကော်ဖီသောက်၊ စကားစမြည်းပြောရင်း အနားယူပေးပါ။ ဒါမှ အားအင် ပြန်လည်ပြည့်ဖြိုးလားမှာ ဖြစ်ပါတယ်။ ၇။ အစည်းအဝေးတွေကို ပြတ်သားတဲ့

Read More